MIBTIဆိုသည်မှာ

ကျွန်တော်တို့ MIBTI
(Myanmar International Business Training and Internship General Services Co.,Ltd) သည်
မြန်မာလူ့အရင်းအမြစ်စုဆောင်းမှုမှ စ၍ အင်တာဗျူး၊ ဝန်ထမ်း အုပ်ချုပ်ရေး၊
ပြုစုပျိုးထောင်ရေး၊ လုပ်ငန်းလုပ်ဆောင်မည့် ကုမ္ပဏီနေရာသို့ ပို့ဆောင်ပေးခြင်း ကို လုပ်ဆောင်လျက်ရှိပါသည်။
လုပ်ငန်းလုပ် ဆောင်မည့် ကုမ္ပဏီနေရာသို့ ပို့ဆောင်ပြီးသည့် နောက်ပိုင်း ဂျပန်နိုင်ငံတွင် နေထိုင်လျက်ရှိသည့် ကျွန်ုပ်တို့၏ မြန်မာလူမျိုးဝန်ထမ်းမှ
လက်ခံကုမ္ပဏီနှင့် ဝန်ထမ်းများအကြား လိုအပ်သလို ကူညီဆောင်ရွက်ပေးခြင်း။
မြန်မာနိုင်ငံသို့ ပြန်လာပြီးနောက်ပိုင်းတွင်လည်း
ပြည်တွင်းအလုပ်အကိုင် ရရှိရန် မည့်သည့်နေရာတွင်မှ
မရှိသည့် စနစ်ဖြင့် ပံ့ပိုး ကူညီသွားပါမည်။

ဂျပန်လူမျိုးများအား အလုပ်ခန့်အပ်ရန် ခက်ခဲ ရှာပါးမှုကို ကြုံတွေ့နေရသည့် အသေးစား၊ အလတ်စားကုမ္ပဏီများ ကို ရည်ရွယ်၍
နှစ် ၂၀ကြာ မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ဆောင်လာသည့် ရလဒ်နှင့် အတွေ့အကြုံများ
မှတည်ဆောက်ထားသည့် ကိုယ်ပိုင်စနစ်၊ ကိုယ်ပိုင်နည်းဖြင့်
ဂျပန်လုပ်ငန်းများအတွက် ဝန်ထမ်းကောင်းပြုစုပျိုးထောင်သည့်စနစ်ကို လုပ်ဆောင်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

介護士派遣

သက်ကြီးရွယ်အို ပြုစုပေးမည့်ဝန်ထမ်း မိတ်ဆက်ပေးခြင်းလုပ်ငန်း

မြန်မာနိုင်ငံ ဆရာဝန်များအသင်း နှင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိ။ သူနာပြု နည်းပညာ နှင့်ဂျပန်ဘာသာ စကားကိုလေ့ကျင့်ပျိုးထောင် ၍မိတ်ဆက် ပို့ဆောင်ပေးပါမည်။

▸ (အသေးစိတ် ကြည့်ရှုရန်)

エンジニア派遣

အင်ဂျင်နီယာ မိတ်ဆက်ခြင်း
လုပ်ငန်း

မြန်မာနိုင်ငံ၏တက္ကသိုလ်ဝင်ခွင့်အမှတ်မြင့်၍ ခက်ခဲသောတက္ကသိုလ်များမှဘွဲ့ရသည့်
အင်ဂျင်နီယာများကိုဂျပန်ဘာသာ စကားလေ့ကျင့်ပျိုးထောင် ပေး၍မိတ်ဆက် ပို့ဆောင်ပေးလျက်ရှိပါသည်။

▸ (အသေးစိတ် ကြည့်ရှုရန်)

学校案内

ဂျပန်ဘာသာစကား သင်တန်းကျောင်းနှင့် ပတ်သက်၍

စာမေးပွဲအောင်ရန်အတွက်သာ သင်ကြားသည့်ဂျပန်စကားမဟုတ်ဘဲ အလုပ်တွင်အသုံးပြုနိုင်မည့်
ဂျပန်ဘာသာစကားကိုအဓိကထား ၍ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါသည်။

▸ (အသေးစိတ် ကြည့်ရှုရန်)

会社概要

ကုမ္ပဏီအကြောင်း
လေ့လာရန်

၁၉၉၈ခုနှစ်တွင်လုပ်ငန်းစတင်၍ မြန်မာနိုင်ငံတွင် သက်တမ်းရှည်လုပ်ငန်းတစ်ခုအနေနှင့် လုပ်ဆောင်လျက်ရှိသည့် J-SAT・MIBTI Group။


▸ (အသေးစိတ် ကြည့်ရှုရန်)

MIBTI မှသာလျှင် လုပ်ဆောင်ပေးနိုင်သည့် မြန်မာနိုင်ငံဝန်ထမ်းမိတ်ဆက် ဝန်ဆောင်မှု၏ ထူးခြားချက်ချက်

  • 1အင်တာဗျူးလုပ်ပြီး တက္ကသိုလ်ဘွဲ့ရ အယောက်၁၃၀၀၀ ကျော် ( ဖေဖော်ဝါရီလ ၂၀၁၆ ခုနှစ် ) အထိ၏ အချက်အလက်များကို လက်ဝယ်ပိုင်ဆိုင်ထားသော မြန်မာပြည်တွင်းရှိ ဂျပန်ကုမ္ပဏီများနှင့် အလုပ်အကိုင်ရှာဖွေ မိတ်ဆက် ပေးသည့် နံပါတ်(၁) လုပ်ငန်းစု J-SATနှင့်ချိတ်ဆက်ထားခြင်း။
  • 2မြန်မာတစ်နိုင်ငံလုံးမှ တက္ကသိုလ်ကြီး (၁၂) ခုနှင့် ပူးပေါင်းပြီးအမြင့်ဆုံး ဘွဲ့ကြိုတန်း မှကျောင်းသားကျောင်းသူများကို အဓိကထားပြီး နှစ်စဉ် ဟောပြောပွဲဆောင်ရွက်ပေးခြင်း။
  • 3မြန်မာနိုင်ငံတွင် ဂျပန်စကားပြောအထူးပြု ကိုယ်ပိုင်ဖတ်စာအုပ်များထုတ်၍ ထိရောက်ကောင်းမွန်သည့် ဂျပန်စာသင်ကြားခြင်းနှင့် ဂျပန်နိုင်ငံ၏ လုပ်ငန်းခွင်အခြေအနေ ၊ လုပ်ငန်းခွင်အပြုအမူ(Business Manner) စသည်တို့ ပါရှိသည့် သင်ကြားရေးစနစ်နှင့် စီမံခန့်ခွဲရေး။
  • 4ဂျပန်နိုင်ငံရှိ မြန်မာလူမျိုးဝန်ထမ်းမှဝန်ထမ်းခန့်အပ်မည့် ကုမ္ပဏီသို့ ဝန်ထမ်းခန့်အပ်မည့် အရေးနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးခြင်း ၊အလုပ်ခန့်အပ်ပြီး နောက်တွင်လည်း အလုပ်ရရှိသွားသော ဝန်ထမ်းအတွက်လည်း ဆက်လက်၍ ပံ့ပိုးကူညီပေးခြင်း။
  • 5အလုပ်သင်များနှင့်ပတ်သက်ပြီးဂျပန်နိုင်ငံမှ ပြန်လာပြီးနောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံရှိ ဂျပန်ကုမ္ပဏီများတွင် အလုပ်အကိုင်ရှာဖွေမှုများအတွက် ကူညီပေးခြင်း။

サービスの流れ

မြန်မာလူမျိုးများ ဂျပန်နိုင်ငံတွင်းအလုပ်လုပ်ကိုင်ရန် လိုအပ်သည့်
ဥပဒေအချက်များ။
  အချိန်ပြည့်ဝန်ထမ်း နည်းပညာအလုပ်သင် သင်တန်းသား
ဗီဇာ အလုပ်သမားဗီဇာ
နည်းပညာ၊ ယဉ်ကျေးမှုနှင့် ပတ်သက်သည့်အသိပညာ ၊နိုင်ငံတကာဆက်ဆံရေးနှင့် ဆိုင်သည့်လုပ်ငန်း။
အလုပ်သမားဗီဇာ
နည်းပညာ၊ယဉ်ကျေးမှုနှင့်ပတ်သက်သည့်အသိပညာ ၊နိုင်ငံတကာဆက်ဆံရေးနှင့် ဆိုင်သည့်လုပ်ငန်း။
ရည်ရွယ်ချက် သတ်မှတ်ထားသော လုပ်ငန်းတွင် နည်းပညာ၊ ဗဟုသုတ၊ အတွေ့အကြုံရှိသည့် နိုင်ငံခြားသားလုပ်သားကို ဂျပန်နိုင်ငံတွင် လုပ်ငန်းစေလုပ်စေ၍ အသိပညာကို တိုးပွားအောင်ပြုလုပ်ပေး၍ အသုံးချစေခြင်း။ သတ်မှတ်ထားသော နယ်ပယ် လုပ်ငန်းတွင် ဂျပန်၏ အဆင့်မြင့် နည်းပညာများကို သတ်မှတ်ကာ လဖြင့် လုပ်ဆောင်၍ သင်ယူစေ ပြီး ၎င်းနည်းပညာကို မိမိနိုင်ငံ၏ စီးပွါးရေး၊ ထုတ်လုပ်ရေးလုပ်ငန်း တိုးတက်စေရန် အသုံးချစေခြင်း။
(နည်းပညာ သင်ကြားရွေ့လျား စေခြင်း)
ဗီဇာ
ရရှိရန် လိုအပ်သည့်အချက်များ
ဂျပန်တွင်လုပ်ကိုင်ရမည့် လုပ်ငန်းအကြောင်းအရာနှင့် ပြည်တွင်းတက္ကသိုလ်၌ အထူးပြုခဲ့သည့် ဘာသာရပ် သို့ ပြည်တွင်း၌လုပ်ကိုင်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံ နှင့် ဆက်စပ်မှုရှိခြင်း။ ပြည်တွင်းတွင် နာရီ ၁၅၀ ကျော်ဂျပန်စာသင်ယူခြင်း။
ဂျပန်ပြည်တွင်း စီမံရေးအဖွဲ့ အစည်းမှ ပြည်ဝင်ခွင့် ပြုခံရခြင်း။
ဂျပန်တွင် ရှိနေစဉ် အတော အတွင်း စီမံအုပ်ချုပ်မှုဖြင့်နေ ရမည်။ပညာရေးနောက်ခံ အကြောင်းအရာမလိုအပ်ပါ။
သတ်မှတ်အလုပ်
ချိန်ကာလ
အကန့်အသတ်မရှိခြင်း
(သို့သော် ယေဘူယျအားဖြင့် ၁နှစ် ၊၃ နှစ် ၊ ၅ နှစ် စသည့် ဗီဇာသက်တမ်းအလိုက် သက်တမ်းတိုးခြင်းရှိ )
ကန့်သတ်ချက် ၃နှစ်
(အချို့သောလုပ်ငန်းအမျိုးအစားတွင် ၃နှစ်ပြည့်လျှင် သတ်မှတ်သည့် အဆင့်ကို ကျော်ဖြတ်နိုင်ပါက ၂နှစ် သက်တမ်းတိုးခွင့်ရှိ)
နယ်ပယ် CAD, IT နှင့် ဆက်သွယ်သည့်အပိုင်း ၊ အင်ဂျင်နီယာနယ်ပယ် ၊ ကုန်သွယ်ရေး ၊ဘာသာပြန် စသည် လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်ရုံ၊ အကူသူနာပြုလုပ်ငန်း(အတည်မဖြစ်သေး)၊ စက်ရုံ (ကားဘော်ဒီ ပြုပြင်ခြင်း၊ လျှပ်စစ်၊ ဆေးမှုတ်လုပ်ငန်း၊ ဖိုင်ဘာလုပ်ငန်း၊ စားသောက်ကုန်ချောထုတ်လုပ်ငန်း) စသည့် လုပ်ငန်းအမျိုးအစား ၁၂၈မျိုး။

မြန်မာလူမျိုးများကို ခန့်အပ်ထားသည့် ဂျပန်ကုမ္ပဏီများ
※၂၀၁၅-၂၀၁၆

မော်တော်ကားစစ်ဆေးပြုပြင်၊ အရောင်းဆိုင် (Aomori ခရိုင် / Fukuoka ခရိုင်/ Hyogo ခရိုင်/ Osaka ခရိုင် ) ၊ လယ်ယာသုံးစက်ပစ္စည်း ပြုပြင် အရောင်းဆိုင် (Wakayama ခရိုင်)၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်မှု (တိုးတက်လာသည့် ကုမ္ပဏ်) Gunma ခရိုင် ၊ အစိုးရပိုင်းနှင့်ပတ်သက်သော ဝန်ဆောင်မှုလုပ်ငန်း (Hyogo ခရိုင်) ၊ ပေါင်မုန့်ရောင်းချထုတ်လုပ်မှု(Hyogo ခရိုင်) ၊ ကုန်ပစ္စည်းဖြန့်ဝေသည့် လုပ်ငန်း (Osaka ခရိုင်/ထိုင်းနိုင်ငံ) ၊ IT လုပ်ငန်း (တိုကျိုမြို့/ Fukuoka ခရိုင်)၊ ဆောက်လုပ်ရေးကုမ္ပဏီ(ဟိုကိုင်းဒိုး) ၊မော်တော်ကားပြုပြင်မှု (တိုကျိုမြို့)

▸ ကျွန်တော်တို့ ကုမ္ပဏီမှ မြန်မာလူမျိုးများကို ခန့်အပ်ထားသည့်လုပ်ငန်းများကြည့်ရှုရန်

イメージ
J-SAT/MIBTI ၏နောက်ဆုံး သတင်းအချက်အလက်များနှင့် မြန်မာ့အလုပ်အကိုင်ရှာဖွေမှု သတင်း အချက်အလက်များ

J-SAT လက်ကမ်းစာစောင်ကို လစဉ် ၁၀ ရက်နေ့တွင် ထုတ်ဝေပါသည်။ နောက်ဆုံးရအလုပ်သမားသတင်းများ နှင့် အရည်အချင်းပြည့်မှီပြီး J-Sat မှ ထောက်ခံချက် ရရှိထားသည့် အလုပ်အကိုင်ရှာဖွေသူ (အင်္ဂလိပ်စာရသူ၊ ဂျပန်စာရသူ)စာရင်း၊ မိမိကိုယ်တိုင်စစ်တမ်းကောက်ယူ၍ စုစည်းထားသည့် လူသားအရင်းအမြစ်အချက်အလက်များ စသည့် တို့ စုစည်းထားသည့် စာစောင်ဖြစ်ပါသည်။ ရှေ့နေများမှ အလုပ်သမားများနှင့် ပတ်သတ်သည့် ထင်မြင်ယူဆချက် အပိုင်းများကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။
(အခမဲ့ download ဆွဲနိုင်ပါသည်)
-ဤနေရာတွင်နမူနာဖိုင်ကို download ဆွဲနိုင်ပါသည်။ (pdf file 573kb)

▸  ဖြန့်ဝေပေးရန် ဆန္ဒရှိသူများ ဤနေရာသို့နှိပ်ပါ